သတင်းအချက်အလက်များ / ကမ္ဘာ့နိုင်ငံများ၏ တီဘီဖြစ်ပွားမှု အခြေအနေအကျဉ်း
ကမ္ဘာ့နိုင်ငံများ၏ တီဘီဖြစ်ပွားမှု အခြေအနေအကျဉ်း
- ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီပိုးကူးစက်ခံထားရပါတယ်။
- ၂၀၁၉ခုနှစ်တွင် တီဘီရောဂါကြောင့် လူပေါင်း (၁.၄) သန်းသေဆုံးခဲ့ပြီး ယင်းတို့အနက် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသူ (၂၀၈၀၀၀)ဉီး ပါ၀င်သည်။ ကမ္ဘာတစ်ဝှမ်းတွင်တီဘီရောဂါသည် သေဆုံးမှုအများဆုံး ရောဂါ (၁၀)မျိုး အနက် တစ်ခုအပါအဝင်ဖြစ်သည်။
- ၂၀၁၉ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ကမ္ဘာတစ်ဝှမ်းတီဘီရောဂါဖြစ်ပွားသူ လူ (၁၀) သန်းခန့် ရှိခဲ့ပြီး အမျိုးသား (၅.၆) သန်း၊ အမျိုးသမီး (၃.၂) သန်းနှင့် ကလေး (၁.၂) သန်းတို့ ပါဝင် နေသည်ကို တွေ့ရှိရသည်။ တီဘီရောဂါသည် နိုင်ငံအားလုံးနှင့် အသက်အရွယ်အုပ်စုအားလုံးတွင် တွေ့ရှိရသည်။ သို့သော်တီဘီရောဂါကိုကုသနိုင်ပြီးကာကွယ်နိုင်သည်။
- ၂၀၁၉ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ် (၁.၂) သန်းသည်တီဘီရောဂါခံစားခဲ့ရသည်။ ကလေးနှင့်ဆယ်ကျော်သက်တီဘီကို ကျန်းမာရေးစောင့်ရှောက်သူများ သတိမမူမိဘဲ ရောဂါရှာဖွေ ဖော်ထုတ်ရန်နှင့် ကုသရန်မှာ ခက်ခဲနိုင်သည်။ ၂၀၁၉ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံပေါင်း (၃၀) တွင် တီဘီရောဂါဖြစ်ပွားမှု အားလုံး၏ ၈၇% ရှိသည်။ အိန္ဒိယနိုင်ငံသည် တီဘီရောဂါဖြစ်ပွားမှုအများဆုံး(၈)နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှရှိပြီး အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်ကာ ကမ္ဘာအဝှမ်း တီဘီရောဂါဖြစ်ပွားမှု အားလုံး၏ သုံးပုံနှစ်ပုံခန့် ဖြစ်သည်။
- ဆေးယဉ်ပါးတီဘီရောဂါ (MDR-TB) သည် ပြည်သူ့ကျန်းမာရေးအကျပ်အတည်းနှင့် ကျန်းမာရေးကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ ၂၀၁၉ခုနှစ်တွင် ကမ္ဘာလုံးအဝှမ်း ဆေးယဉ်ပါးတီဘီ ရောဂါ(သို့မဟုတ်) Rifampicinဆေးယဉ်ပါးတီဘီ (MDR / RR-TB) ရှိသူ (၂၀၆၀၃၀) ယောက်ကို ရှာဖွေတွေ့ရှိခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည့် လူဉီးရေ (၁၈၆၈၈၃)၏ ၁၀% တိုးမြှင့်လာခဲ့သည်။
- တစ်ကမ္ဘာလုံးအတိုင်းအတာအရတီဘီဖြစ်ပွားမှုနှုန်းမှာတစ်နှစ်လျှင် ၂% ခန့်ကျဆင်းပြီး ၂၀၁၅ နှင့် ၂၀၁၉ ခုနှစ်အကြား တဖြည်းဖြည်းတိုးပွားလာသောပမာဏသည် ၉% ရှိသည်။ ဤသည်မှာတီဘီရောဂါတိုက်ဖျက်ရေးမဟာဗျူဟာမှတ်တိုင်၏ထက်ဝက်ကျော်မျှသာဖြစ်ပြီး ၂၀၁၅ မှ ၂၀၂၀ အတွင်းလျှော့ချနိုင်ခဲ့သည်။
- ခန့်မှန်းခြေအားဖြင့်လူသန်းပေါင်း ၆၀ သည်တီဘီရောဂါစစ်ဆေးခြင်းနှင့် ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်းကုသမှုမှကယ်တင်ခြင်းသို့ရောက်ခဲ့သည်။
- ၂၀၃၀ ပြည့်နှစ်တွင် တီဘီရောဂါကူးစက်မှုအဆုံးသတ်ခြင်းသည် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ (SDGs) ၏ ကျန်းမာရေးမျှော်မှန်းချက် ပန်းတိုင်ဖြစ်သည်။
0
Lives saved since 2000 by global efforts to end TB
0
People fell ill with TB in 2019
0
People died of TB in 2019
0
People fell ill with drug-resistant TB in 2019