Health Center Locations
GeneXpert Machine Locations

GeneXpert Service Locations

       အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း သည် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု နည်းဗျူဟာကို အသုံးပြု၍ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် တီဘီရောဂါသည် မြန်မာနိုင်ငံ ၏ အဓိက ကျန်းမာရေး ပြဿနာ အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ပြည်သူလူထူ ၏ ကျန်းမာရေး အဆင့်အတန်း တိုးတက် မြင့်မား လာစေရန် ဟူသော ယေဘုယျ ရည်မှန်းချက် ကို အခြေခံ လျက် အောက်ပါ ရည်ရွယ်ချက် (၃) ခု အား အကောင်အထည် ဖေါ်ဆောင်ရွက် လျက် ရှိပါသည်။

     (၁) တီဘီရောဂါ နှင့် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားမှု လျော့ချနိုင်ရေး ကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ရန်

     (၂) တီဘီရောဂါ ကာကွယ် ကုသခြင်း လုပ်ငန်းကို ပြည်သူ တစ်ရပ်လုံး လက်လှမ်း မီသော  ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ထည့်သွင်း ဆောင်ရွက်ရန်

     (၃) တီဘီရောဂါ ဖြစ်ပွားနိုင်ချေရှိသည့် ဉီးတည်အုပ်များ ၌ တီဘီရောဂါ ကာကွယ် ကုသခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်