သတင်းအချက်အလက်များ / မြန်မာနိုင်ငံ တီဘီရောဂါဆိုင်ရာ သတင်းအချက်များ
မြန်မာနိုင်ငံ တီဘီရောဂါဆိုင်ရာ သတင်းအချက်များ
- မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ (ဆေးတိုးတီဘီ/ ဆေးယဉ်ပါးတီဘီ/ HIV ပိုးဒွန်တွဲတီဘီ) အဖြစ် အများဆုံး (၃၀) နိုင်ငံအတွင်း ပါဝင်လျက်ရှိပါသည်။ တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ဉီးစားပေး ဖြေရှင်း ရမည့် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။
- အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDG - Sustainable Development Goals) ပြည့်မီစေရေးအတွက် WHO ၏ End TB Strategy ကို အခြေခံ၍ National Strategic Plan (2016-2020) ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ်တွင် တီဘီရောဂါကြောင့် သေဆုံးသည့်ဦးရေကို ၂၀၁၅ ခုနှစ် အခြေအနေ၏ (၃၅)ရာခိုင်နှုန်း လျှော့ချရန်၊ တီဘီရောဂါ လူနာသစ် ဖြစ်ပွားနှုန်းကို ၂၀၁၅ ခုနှစ် အခြေအနေ၏ (၁၅)ရာခိုင်နှုန်း လျှော့ချရန်၊ တီဘီရောဂါကြောင့် အတူနေမိသားစုဝင်ငွေအပေါ် နစ်နာစေသော အပိုငွေကြေး ကုန်ကျမှုမရှိစေရန် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
- အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDG - Sustainable Development Goals) ပြည့်မီစေရေးအတွက် WHO ၏ End TB Strategy ကို အခြေခံ၍ National Strategic Plan (2016-2020) ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ်တွင် တီဘီရောဂါကြောင့် သေဆုံးသည့်ဦးရေကို ၂၀၁၅ ခုနှစ် အခြေအနေ၏ (၃၅)ရာခိုင်နှုန်း လျှော့ချရန်၊ တီဘီရောဂါ လူနာသစ် ဖြစ်ပွားနှုန်းကို ၂၀၁၅ ခုနှစ် အခြေအနေ၏ (၁၅)ရာခိုင်နှုန်း လျှော့ချရန်၊ တီဘီရောဂါကြောင့် အတူနေမိသားစုဝင်ငွေအပေါ် နစ်နာစေသော အပိုငွေကြေး ကုန်ကျမှုမရှိစေရန် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ၂၀၁၆-၂၀၁၉ ခုနှစ်အတွင်း လူဦးရေတစ်သိန်းလျှင် တီဘီရောဂါဖြစ်ပွါးနှုန်း၊ တီဘီလူနာသစ်ဖြစ်ပွါးနှုန်းနှင့် တီဘီလူနာသေဆုံးနှုန်းပြပုံ
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တီဘီလူနာများ နှစ်အလိုက် ရှာဖွေကုသပေးခဲ့မှုအခြေအနေပြပုံ
၂၀၁၅-၂၀၁၈ ခုနှစ်အတွင်း တီဘီဆေးကုသမှုခံယူခဲ့သောလူနာများ၏ ဆေးကုသမှုအောင်မြင်နှုန်းပြပုံ
- ဆေးယဉ်ပါးတီဘီလူနာကုသမှုအနေဖြင့် ၂၀၁၆ ခုနှစ်၌ (၂,၅၅၆)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၂,၆၉၁)ဦး၊ ၂၀၁၈ ခုနှစ် တွင် (၂,၈၀၂)ဦး၊ ၂၀၁၉ ခုနှစ်တွင် (၂၈၉၁)ဦးတို့ကို အခမဲ့ ဆေးကုသမှုပေးနိုင်ခဲ့ပါသည်။ ဆေးယဉ်ပါးတီဘီ ပျမ်းမျှဆေးကုသမှုအောင်မြင်နှုန်း (၈၀%) ရရှိခဲ့ပါသည်။
ဆေးယဉ်ပါးတီဘီရောဂါအသစ် နှစ်အလိုက်ဖြစ်ပွားနှုန်းနှင့် ကျဆင်းမှုအခြေအနေပြပုံ
၂၀၁၆-၂၀၁၉ ခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီလူနာရှာဖွေတွေ့ရှိမှုနှင့် ဆေးစတင်ကုသမှုအခြေအနေပြပုံ
၂၀၁၄-၂၀၁၇ ခုနှစ်အတွင်း ဆေးကုသမှုခံယူခဲ့သော ဆေးယဉ်ပါးတီဘီလူနာများ၏ ဆေးကုသမှုအောင်မြင်နှုန်းပြပုံ
- ၂၀၁၆ ခုနှစ်တွင် တီဘီလူနာများ၏ ၈၂% ကို HIV ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် တီဘီလူနာ များ၏ ၉၅% ကို တိုးမြှင့်စစ်ဆေးပေးနိုင်ခဲ့ပြီး TB-HIV လူနာများ၏ ၇၅% ကို ART ဆေးကုသမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
- ဇီဝလုံခြုံမှုအဆင့်-၃ [Bio-safety Level-3 (BSL-3)] ဓါတ်ခွဲခန်းများအနေဖြင့် ၂၀၁၆ ခုနှစ်အထိ ရန်ကုန် NTRL နှင့် မန္တလေး BSL-3 ဓါတ်ခွဲခန်းတို့သာရှိရာမှ (၈.၂.၂၀၁၇)နေ့တွင် BSL-3 ဓါတ်ခွဲခန်းကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ BSL-3 ဓါတ်ခွဲခန်းအသစ်တစ်ခုကို ရန်ကုန်မြို့၌ 3MDG အထောက်အပံ့ဖြင့် (၂၄.၃.၂၀၁၈)နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တီဘီ/ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေကုသရေး အတွက် တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ (၁၉.၆.၂၀၂၀)နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၌ BSL-3 ဓါတ်ခွဲခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆေးယဉ်ပါးတီဘီရောဂါ ပိုမိုရှာဖွေကုသနိုင်ရေးအတွက် အားဖြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
- ၂၀၁၆ခုနှစ်တွင် တီဘီနှင့်ဆေးယဉ်ပါး တီဘီရောဂါရှိ/မရှိအား အချိန်(၂)နာရီအတွင်း စစ်ဆေးပေးနိုင်သည့် GeneXpertစက် (၆၆)လုံးရှိရာမှ ၂၀၂၀ ခုနှစ် ဇွန်လတွင်(၉၈)လုံးအထိ တိုးချဲ့တပ်ဆင်နိုင်ခဲ့ပါသည်။
Gene Xpert စက်များနှစ်အလိုက်တိုးချဲ့တပ်ဆင်မှုပြဂရပ်
- တီဘီရောဂါပိုမိုရှာဖွေကုသနိုင်ရန် အရှိန်အဟုန်မြှင့်တီဘီရောဂါရှာဖွေခြင်း (Accelerated TB case finding, ACF) လုပ်ငန်းများဖြစ်သော (၁) ဝေးလံခက်ခဲသောဒေသများ၊ လူနာတွေ့ရှိနှုန်းများသော မြို့ပြ ဆင်ခြေဖုံးနှင့် အလုပ်ရုံများ၊ အကျဉ်းထောင်များတွင် Digital Xray တပ်ဆင်ထားသော Mobile TB team ဖြင့် တီဘီလူနာများ ကွင်းဆင်းရှာဖွေခြင်း၊ (၂) ပြည်သူလူထုအခြေပြု တီဘီရောဂါ ရှာဖွေကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (၃) ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ဆီးချို/သွေးချိုရောဂါတိုက်ဖျက်ရေး ဌာန၊ မိခင်ကလေးကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ တီဘီလူနာတိုးချဲ့ရှာဖွေကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
Accelerated TB case finding လုပ်ငန်းများမှ နှစ်အလိုက် တီဘီလူနာရှာဖွေကုသနိုင်မှု အခြေအနေပြပုံ
- ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမိန့် ကြော်ငြာစာ အမှတ်၊ ၄၈/၂၀၁၈ ဖြင့် “ပုဂ္ဂလိကကျန်းမာရေးဌာနများတွင် တီဘီရောဂါ ရှာဖွေကုသမှုနှင့် ပတ်သက်၍ မဖြစ်မနေ သတင်းပို့ရန်အတွက် ထုတ်ပြန်ကြေငြာခြင်း” (Mandatory TB Case Notification) ကို ထုတ်ပြန် ကြေညာနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ပုဂ္ဂလိကဆေးရုံ(၁၈)ရုံမှ တီဘီလူနာ(၁,၀၂၅)ဦးနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်း ပုဂ္ဂလိကဆေးရုံ(၁၄) ရုံမှ တီဘီလူနာ (၂၇၇) ဦးကို Mandatory Case Notification ဖြင့် ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။
- ပိုးတွေ့တီဘီလူနာနှင့် အတူနေမိသားစုဝင်များအား ရောဂါရှိမရှိ စစ်ဆေးပေးခြင်းနှင့် အတူနေ အသက် (၅)နှစ်အောက်ကလေး များအား ရောဂါမရှိပါက TB Preventive Treatment တိုက်ကျွေးလျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် (၃၁၇)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၃၃၇)ဦး ၂၀၁၈ ခုနှစ်တွင် (၅၅၄)ဦး၊ ၂၀၁၉ ခုနှစ်တွင် (၁၂၂၆)ဦးနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လတွင်း (၁၀၄၈)ဦးကို တိုက်ကျွေးနိုင်ခဲ့ပါသည်။
- TB Research agenda (2017) အရ လျာထားသော တီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ သုတေသနစာတမ်း (၃၈) စောင်အနက် (၂၄) စောင်ကို ပြုစုထုတ်ဝေပြီးစီးခဲ့ပါသည်။ ထို့အပြင် ၂၀၁၆-၂၀၁၉ ခုနှစ်အတွင်း NTP ဝန်ထမ်း (၁၂) ဦး ကို Structured Operational Research and Training Initiatives (SORT IT) course တက်ရောက်စေခဲ့ပါသည်။
- မြန်မာနိုင်ငံ၏ တီဘီရောဂါ ဖြစ်ပွားမှု အခြေအနေမှန်ကို သိရှိနိုင်ရန် 4th Nationwide TB Prevalence Survey အား ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစတင်ဆောင်ရွက်ခဲ့ပြီး စစ်တမ်း ရလဒ်များကို ၂၀၁၉ ခုနှစ်၊ ဧပြီလတွင်ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါ စစ်တမ်းအရ တီဘီရောဂါဖြစ်ပွားမှုမှာ ၂၀၀၉ စစ်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပါသည်။
4th Nationwide TB Prevalence Survey (2017-2018) ရလဒ်အပေါ်အခြေခံ၍ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတစ်သိန်းလျှင် တီဘီလူနာသစ် ခန့်မှန်းဖြစ်ပွားနှုန်း (Estimated TB incidence rate) ကို ၂၀၀၉ ခုနှစ်အခြေအနေနှင့် နှိုင်းယှဉ်ပြပုံ
- မြန်မာနိုင်ငံ၏ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုအခြေအနေမှန်ကို သိရှိနိုင်ရန် 4th National Anti-TB Drugs Resistance Survey ကို ၂၀၂၀ ခုနှစ်၊ မတ်လမှစတင်၍ စစ်တမ်းကောက်ယူလျက် ရှိပါသည်။
- တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း (၃) ခု၊ ပြည်တွင်း NGO အဖွဲ့အစည်း (၇)ခု၊ ပြည်ပ NGO အဖွဲ့အစည်း (၂၁) ခု၊ စုစုပေါင်း မိတ်ဖက်အဖွဲ့အစည်း (၃၁)ခု တို့နှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နှစ်အလိုက် တီဘီလူနာရှာဖွေတွေ့ရှိမှု အခြေအနေပြပုံ
- တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနှင့် ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါလူနာများ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး စံသက်မှတ်ချက်နှင့် ကိုက်ညီသော တီဘီဆေးဝါးများကို ပြတ်လပ်မှုမရှိအောင် နိုင်ငံတော် ဘဏ္ဍာငွေအပြင် Global Fund၊ WHO နှင့် 3MDG Fund ရန်ပုံငွေဖြင့် စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသို့ နိုင်ငံတော်ဘဏ္ဍာငွေ နှစ်အလိုက်ထည့်ဝင်မှုပြပုံ
(၂၀၁၆-၂၀၂၀)ခုနှစ်အတွင်း တီဘီရောဂါတိုက်ဖျက်ရေးရန်ပုံငွေထည့်ဝင်မှုနှင့် လိုအပ်ချက်အခြေအနေပြပုံ
- End TB Strategy ကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် တီဘီရောဂါတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကို ၂၀၁၉ ခုနှစ် အတွင်းရေးဆွဲခဲ့ပြီး တီဘီရောဂါရှာဖွေကုသရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီ ရရှိ စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။