တီဘီရောဂါအကြောင်း / တီဘီရောဂါကုထုံးအမျိုးအစားများ

တီဘီရောဂါကုထုံးအမျိုးအစားများ (Type of Treatment Regimen)

         မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် တီဘီဆေးကုထုံး အခြေခံမူများ တဖြည်းဖြည်း ပြောင်းလဲ ကျင့်သုံးလျက်ရှိကြပါသည်။

        (၁) မူလပထမက တီဘီရောဂါတွေ့ခဲ့လျှင် ဆေးကုသမှုပေးခဲ့ကြသည်။

        (၂) ထို့နောက်တီဘီရောဂါတွေ့ရှိပြီး၊ လူနာ၏ယခင်တီဘီဆေးကုသမှုရာဇဝင် ရှိ/မရှိပေါ် မူတည်၍ ဆေးကုထုံးများဖြင့် ကုသခဲ့ကြသည်။(ဥပမာ- Cat I, Cat II , Cat III(သို့)IR, CR, RR)

        (၃) ယနေ့အချိန်အခါတွင် ဓါတ်ခွဲတီဘီရောဂါရှာဖွေခြင်းအပြင် ဆေးယဉ်ပါးမှု စမ်းသပ်ခြင်း DST (Gene Xpert Test) ကိုပါ ဆောင်ရွက်နိုင်ပြီ ဖြစ်၍ တီဘီ ဆေးများယဉ်ပါးမှုအပေါ် အခြေခံသော ဆေးကုထုံးများဖြင့် ကုသလျက် ရှိပါသည်။

၁။     ဆေးတိုးတီဘီ / ရိုးရိုးတီဘီ (Drug Sensitive TB) ကုသသည့် ကုထုံး

              ယခင် တီဘီကုသသည့် ရာဇဝင် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဓါတ်ခွဲဆေးယဉ်ပါး စစ်ဆေးခြင်း အဖြေတွင် ဆေးယဉ်ပါးမှုမရှိပါက ဆေးတိုးတီဘီ / ရိုးရိုးတီဘီ (Drug Sensitive TB) ကုသသည့် ကုထုံး ဖြင့် ကုသသည်။ အသက် ၁၅နှစ်အောက်ဖြစ်ပါက ကလေးတီဘီ ကုထုံးဖြင့် ကုသသည်။

၂။     ဆေးယဥ်ပါးတီဘီကုထုံး (Regimen for Drug Resistant TB)

              ယခင် တီဘီကုသသည့် ရာဇဝင် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဓါတ်ခွဲဆေးယဉ်ပါး စစ်ဆေးခြင်း အဖြေတွင်  ဆေးယဉ်ပါးမှု ရှိပါက ယဉ်ပါးသည့်တီဘီဆေးများ အပေါ်မူတည်၍ ကုသမှုပေးသည်။ H နှင့် R ယဉ်ပါက ဆေးယဉ်ပါးတီဘီကုထုံး နှင့်ကုသသည်။

၃။     ပြင်းထန် ဆေးယဉ်ပါးတီဘီ (XDR-TB) ကုထုံး

             H နှင့် R အပြင် ထိုးဆေးအုပ်စုနှင့် ကွီနိုလုံးစားဆေးအုပ်စု ၂ခုလုံး ယဉ်ပါက ပြင်းထန်ဆေးယဉ်ပါး တီဘီ (XDR-TB) ကုထုံးဖြင့် ကုသသည်။