သလိပ်တွင် တီဘီရောဂါပိုးပါရှိသော အဆုတ်တီဘီရောဂါဝေဒနာရှင်များ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာသီချင်းဆိုခြင်း၊ ရယ်မောခြင်းဖြင့် တီဘီပိုးပါသော သလိပ်အမှုန်အမွှားလေး များသည် လေထဲတွင် ပျံ့လွင့်နေပြီး၊ ၎င်းလေကို ရှူရှိုက်မိသောသူများ၏ အဆုတ်တွင်းသို့ အသက်ရှူ လမ်းကြောင်းမှတဆင့် ၀င်ရောက်၍ ရောဂါကူးစက်မှုကို ဖြစ်စေပါသည်။ သို့ရာတွင် ရောဂါပိုး ကူးစက်ခံရ သူတိုင်း တီဘီရောဂါမဖြစ်ပါ။ (၁၀) ရာခိုင်နှုန်းသာ ဘ၀တသက်တာအတွင်း ခန္ဓာကိုယ်၏ ခုခံမှုစွမ်းအား ပေါ်မူတည်၍ ဝေဒနာရှင်အဆင့်သို့ ကူးပြောင်းသွားပါသည်။