ကျွန်ုပ်တို့သည် / ရည်မှန်းချက်များ

ယျေဘုယျ ရည်မှန်းချက်

ပဏာမကျန်းမာရေး စောင့်ရှောက်မှု နည်းဗျူဟာကိုအသုံးပြု၍ တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းဖြင့် တီဘီရောဂါသည် မြန်မာနိုင်ငံ၏ အဓိကကျန်းမာရေးပြဿနာအဖြစ် မတည်ရှိတော့ပဲ ပြည်သူလူထူ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်။

ရည်ရွယ်ချက်

ရည်မှန်းချက်

ပန်းတိုင်

ဝိသေသ ရည်မှန်းချက်များ

(၁) ၂၀၂၅ခုနှစ်တွင် တီဘီရောဂါကြောင့်သေဆုံးသည့်ဦးရေကို ၂၀၁၅ခုနှစ်က အခြေအနေ ၏(၇၅) ရာခိုင်နှုန်းလျှော့ချရန်။

(၂) ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါလူနာသစ်ဖြစ်ပွားနှုန်းကို ၂၀၁၅ခုနှစ်က အခြေအနေ၏  (၅၀)ရာခိုင်နှုန်းသို့ လျှော့ချရန် (တီဘီရောဂါလူနာ သစ်ဖြစ်ပွားနှုန်းကို လူ(၁)သိန်းတွင်(၃၉၁)ဦးမှ (၁၉၀)ဦးသို့ လျှော့ ချရန်)

(၃)    မိသားစုဝင်ငွေအပေါ် တီဘီရောဂါကြောင့် ဆုံးရှုံးနစ်နာစေသော အပိုငွေကြေး ကုန်ကျမှုမရှိစေရန် တို့ဖြစ်ပါသည်။

တီဘီရောဂါကာကွယ်တိုက်ဖျက်ရေး မဟာဗျူဟာ (Strategies)

      အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု ထောက်ခံထားသည့် (DOTS Strategy) တိုက်ရိုက်ကြည့်ရှုအချိန်တိုနှင့်ကု မဟာဗျူဟာကို ၁၉၉၇ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်  ထပ်မံ ချမှတ်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီရန် (Stop TB Strategy) ကို (၂၀၀၇) ခုနှစ်မှစ၍ တိုးချဲ့အား ဖြည့်ဆောင်ရွက်ခဲ့ပါသည်။

     ယခုအခါစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရည်မှန်းချက်ပန်းတိုင်များ (SDG – Sustainable Development Goals) ပြည့်မီစေရေးအတွက်  WHO ၏ End TB Strategy ကိုအခြေခံ၍ National Strategic TB Plan (၅)နှစ်စီမံကိန်းကို (၂၀၁၆) ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည် ။