အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ GeneXpert စက်များဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိ

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ GeneXpert စက်များဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ Covid သံသယလူနာများအတွက် အချိန်တိုအတွင်း ‌COVID19 ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ GeneXpert စက်္များဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ် အတွင်းရှိ COVID19 သံသယရှိလူနာများအား COVID19 ရှိ/မရှိအား အချိန်တိုအတွင်းသိရှိနိုင်သော Xpert SAR Co-V2 စစ်ဆေးနို င်ရန် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဒုတိယမြောက် Gene Xpert GX-XVI Modules အား ယနေ့တွင် ရန်ကုန်မြို့မှ KBZ လေကြောင်းခရီးစဉ်ဖြင့် ပေးပို့အားဖြည့်ခဲ့ပါသည်။
ယခုထပ်မံပေးပို့သော စက်အား တပ်ဆင်ပြီးစီးပါက တစ်နာရီအတွင်း COVID19 သံသယရှိသူများ၏ နမူနာ ၃၂ခုအား တပြိုင်နက် စစ်ဆေးနိုင်မည်ဖြစ်ပြီး ၂၄နာရီပတ်လုံး အသုံးပြုနိုင်ပြီး တစ်နေ့လျှင် အများဆုံး သံသယရှိသူလူနာများ၏ နမူနာ ၇၀၀ခုခန့်ထိ စစ်ဆေးပေးနိုင်မည် ဖြစ်သည်။
အလားတူ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းတွင် အသုံးပြုလျက်ရှိသော GeneXpert စက်တပ်ဆင်ထားသော နေရာများ အနက္မှ (၁၀) နေရာနှင့် စီမံကိန်းမှ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် ဝယ်ယူဖြည့်တင်းထားရှိသော တစ်ကြိမ်တွင် နမူနာ ၂ ခု စစ်ဆေးနိုင်သည် GeneXpert စက် (၁၀)အားလုံး ပြည်သူ့ကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန (NHL) ၏ အစီအစဉ်ဖြင့် COVID19 သံသယလူနာများအား အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ရန် ပူးပေါင်း အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။