ACTIVITIES / အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ လုပ်ငန်းများ
တီဘီရောဂါတိုက်ဖျက်ရေး၏ အဓိကလုပ်ငန်းများ
တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းကဏ္ဍကြီး (၂)ပိုင်း ပါရှိသည်။
(၁) တီဘီလူနာများအား ရှာဖွေဖော်ထုတ်ြခင်းနှင့် ဆေး၀ါးကုသမှုပေးခြင်း၊(Case Finding and Treatment)
(၂) ရောဂါကာကွယ်ခြင်း၊ (Prevention)နှင့် ကူးစက်မှုထိမ်းချုပ်ခြင်း (Infection Control)
ဖော်ပြပါကဏ္ဍကြီး (၂)ခုအနက် ကူးစက်မှုအများဆုံးပေးသော သလိပ်ပိုးတွေ့အဆုတ်တီဘီ ဝေဒနာ ရှင်များကို ဆောလျင်စွာ ရှာဖွေဖော်ထုတ်ပြီး စနစ်တကျ ဆေးဝါးကုသမှုပေးခြင်းဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းမှ ကာကွယ်ခြင်းဖြစ်၍ ပထမဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါသည်။
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ လုပ်ငန်းများ (Activities)
(၁) ပြည်သူလူထုအတွင်း တီဘီရောဂါအကြောင်း ပိုမိုသိရှိနားလည်ရန် ကျန်းမာရေးပညာ ပေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း။
(၂) တစ်နှစ်အောက်ကလေးများအား ဘီစီဂျီကာကွယ်ဆေးထိုးနှံပေးခြင်း။
(၃) ကျန်းမာရေးဌာနများသို့ လာရောက်ပြသသော တီဘီသံသယလူနာများအား ဆောလျင်စွာ ရောဂါရှာဖွေတွေ့ရှိနိုင်ရန်အတွက် ရင်ခေါင်းဓါတ်မှန်နှင့် သလိပ်ကို (လိုအပ်ပါက သလိပ်ကို Gene Xpert စစ်) အဏုကြည့်မှန်ဘီလူးဖြင့်ကြည့်၍ ရောဂါရှာဖွေ ဖော်ထုတ်ခြင်း။ * တီဘီပိုးကူးစက်မှု အန္တရာယ်ရှိသော တီဘီလူနာနှင့် အတူနေမိသားစုမှ အသက် (၅)နှစ် အောက် ကလေးများနှင့် ART ကုသမှုခံယူနေသော အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ (PLH) များတွင် တီဘီရောဂါရှိ မရှိစစ်ဆေးပြီး၊ တီဘီရှိပါက တီဘီရောဂါ ကုသမှုပေးပြီး၊ မရှိပါက ငှတ်လျှိုးတီဘီရောဂါကုသခြင်း၊ (LTBI/ TPT) ကိုဆောင်ရွက် ရပါမည်။
(၄) သလိပ်ပိုးတွေ့လူနာနှင့် နီးစပ်မှုရှိသည့် လူနာ၏ မိသားစု၀င်များအနက် မကျန်းမာသော လူနာများအား သလိပ်စစ်ဆေးပြီး ရင်ခေါင်းဓါတ်မှန်ရိုက်၍ ရောဂါရှာဖွေဖော်ထုတ်ခြင်း။
(၅) ရှာဖွေတွေ့ရှိလာသော လူနာများအား တီဘီတိုကုထုံးဆေးဝါးများဖြင့် အခမဲ့တိုက်ရိုက် ကြည့်ရှု ဆေးတိုက်ကျွေးခြင်း။
(၆) Mandatory TB case notification ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း။
(၇) ကွင်းဆင်း ကြီးကြပ်ခြင်းနှင့် ဆန်းစစ်ခြင်းလုပ်ငန်းများကို ဗဟိုမှ အောက်ခြေအထိ ဆင့်ကဲ ဆင့်ကဲ ဆောင်ရွက်ခြင်း။
(၈) အခြား၀န်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
(၉) လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြင့်မားရေးအတွက် သင်တန်းများ ပို့ချခြင်း။
(၁၀) တီဘီ/အိပ်ချ်အိုင်ဗွီလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း။
(၁၁) ဆေးယဥ်ပါးတီဘီ ရှာဖွေကုသမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း။
(၁၂) အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။