ကျွန်ုပ်တို့သည် / မြန်မာနိုင်ငံ တီဘီရောဂါ တိုက်ဖျက်ရေးသမိုင်း
- (၁) ၁၉၁၆ ခုနှစ်တွင် တီဘီရောဂါပြဿနာကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး စတင်စူးစမ်းခဲ့ကြောင်း မှတ်တမ်းအချို့တွင် ဖော်ပြပါရှိသည်။
- (၂) ၁၉၃၅ ခုနှစ်တွင် သိမ်ဖြူလမ်း (ကြယ်ငါးပွင့် ယခင်ဗိုလ်တထောင် ကျန်းမာရေးဌာနဟောင်း ဖွင့်လှစ်ခဲ့သည့်နေရာ)တွင် ရန်ကုန်မြူနီစပါယ်မှ တီဘီရောဂါအတွက် ဆေးပေးခန်းတစ်ခုကို ပထမဦးဆုံး ဖွင့်လှစ်ခဲ့ပါသည်။
- (၃) ၁၉၅၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်(ဖ်)အဖွဲ့ကြီးတို့၏ ပံ့ပိုးမှုဖြင့် ယင်း ဆေးပေးခန်းတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ယင်း နှစ်မှာပင် ကြူဘာကူလင်စမ်းသပ်ပြီး Negative ဖြစ်သူများကို Liquid Vaccine (ဘီစီဂျီ )ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်အကောင်အထည်ဖေါ်ခဲ့သည်။
- (၄) ၁၉၅၄ ခုနှစ်တွင် မန္တလေးမြို့၌ အလားတူဆေးပေးခန်းတစ်ခု ဖွင့်လှစ်နိုင်ခဲ့သည်။
- (၅) ၁၉၆၂-၆၃ ခုနှစ်တွင် ဥတ္တရနှင့်ဒက္ခိဏ တီဘီရောဂါစူးစမ်းရှာဖွေရေးအဖွဲ့တစ်ခုစီကို ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့သည်။ အပူဒဏ်ခံနိုင်သည့် ဘီစီဂျီထိုးဆေး (Freezed Dried Vaccine) ကို စတင်ပြောင်းလဲအသုံးပြုခဲ့သည်။
- (၆) ၁၉၆၄-၆၅ ခုနှစ်တွင် ြမန်မာနိုင်ငံအစိုးရသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ UNICEF UNDP နှင့် အဖွဲ့များ၏ပံ့ပိုးမှုဖြင့် ြမန်မာနိုင်ငံတ၀ှမ်းလုံးတွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း လုပ်ငန်းြဖင့် လွှမ်းခြုံနိုင်ရန် တီဘီရောဂါတိုက်ဖျက်ရေး(၅)နှစ် စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့သည်။
- (၇) ၁၉၆၆-၆၇ ခုနှစ်တွင် (၅)နှစ် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်နိုင်ခဲ့သည်။
- (၈) ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံတီဘီရောဂါအခြေအနေ၊ အခြေခံမှတ်တမ်းအတွက် လေ့လာမှု 1st Prevalence survey ပြုလုပ်ခဲ့သည်။
- (၉) ၁၉၇၇ ခုနှစ်တွင် UNDP မှလည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် UNICEF မှလည်းကောင်း၊ မြန်မာနိုင်ငံ တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသို့ ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့သည်။ WHO တစ်ဖွဲ့တည်းနှင့် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
- (၁၀) ပြည်သူ့ကျန်းမာရေးစီမံကိန်း (People Health Plan) စတင်အကောင်အထည်ဖေါ်သည့် ၁၉၇၈ ခုနှစ်မှစ၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးလုပ်ငန်း များနှင့် ပေါင်းစည်းခဲ့သည်။
- (၁၁) ၁၉၉၄ ခုနှစ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းတွင် တီဘီလူနာများအား ကုသပေးနေသော (၁၂)လ သမရိုးကျကုထုံး (Stromycin+ Isoniazid) (Standard Regimen) အစား (၆)လ အချိန်တိုကုထုံး (Short Course Chemotherapy – SCC) ဖြင့် စတင်ပြောင်းလဲ ကုသပေးခဲ့သည်။
- (၁၂) ၁၉၉၄ ခုနှစ်၌ Sputum Positive Point 2nd Prevalence Survey ကို ဆောင်ရွက်ခဲ့ ပါသည်။
- (၁၃) ၁၉၉၅ခုနှစ် မတ်လတွင် မန္တလေး ၇၃လမ်းနှင့် လမ်း၃၀ဒေါင့်ရှိ တီဘီဇုန်(၂)အား ပုသိမ်ကြီး တီဘီဆေးရုံကြီးသို့ပြောင်းပြီး ၁၉၉၆ခုနှစ် ဒီဇင်ဘာလတွင် ယခုလက်ရှိ ပုသိမ်ကြီး တီဘီဌာနသို့ ထပ်မံ ပြောင်းရွေ့ဖွင့်လှစ်သည်။
- (၁၄) ၁၉၉၅-၉၇ ခုနှစ်တွင် တီဘီလူနာများတွင် HIV ဖြစ်ပွားမှုစစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
- (၁၅) ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်သော တိုက်ရိုက်ကြည့်ရှုအချိန်တိုကု နည်းဗျူဟာ DOTS Strategy ကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည်။
- (၁၆) ၁၉၉၇ခုနှစ်နှောင်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန်ဆေးရုံကြီးတိုးချဲ့၀င်းအတွင်ရှိ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းကို အင်းစိန် ကြို့ကုန်း ငှက်ဖျားဌာနသို့ လည်းကောင်း၊ပြည်ထောင်စုတီဘီဌာန(UTI)ကိုအင်းစိန်ပြည်သူ့ဆေးရုံကြီးဆာဖိုးသာဆောင် သို့လည်းကောင်း ပြောင်းရွေ့ခဲ့ရပါသည်။
- (၁၇) ၁၉၉၉ ခုနှစ်၊ ဇန်န၀ါရီလမှစ၍ စလယ်ဆုံး တစ်ပါတ်သုံးရက်ကုထုံး (Fully Intermittent Thrice Weekly Regimen) ကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည်။
- (၁၈) ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသားအဆုတ်ရောဂါတိုက်ဖျက်ရေးစီမံကိန်းအမည်မှ “အဆုတ်” ဟူသော စကားချပ်အစား “တီဘီ” ဟူသော ဖြင့်ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။
- (၁၉) ၁၉၉၉-၂၀၀၀ ခုနှစ်တွင် Review of NTP Myanmar and Future Plan to cover the whole country with DOTS (2000-2004) ကို အခြေခံ၍ 5-Year National Plan for TB Control (2001-2005) ကိုရေးဆွဲခဲ့သည်။
- (၂၀) ၂၀၀၁ ခုနှစ်တွင် အောင်ဆန်း-ရန်ကုန်၌ အမျိုးသားမှီငြမ်းပြုတီဘီဓါတ်ခွဲဌာန (National TB Reference Laboratory) ကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည်။
- (၂၁) TB Diagnostic and Treatment Centre များကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် (၂၀၀၁) ခုနှစ်တွင်လည်းကောင်း၊ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၀င်းအတွင်း၌ (၂၀၀၂) ခုနှစ်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။
- (၂၂) ၂၀၀၂-၂၀၀၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး တီဘီဆေးယဥ်ပါးမှု စစ်တမ်းကောက်ယူခြင်း (TB Drug Resistance Survey) ကို ပထမအကြိမ်ဆောင်ရွက်ခဲ့ပါသည်။
- (၂၃) ၂၀၀၃ ခုနှစ်၊ နို၀င်ဘာလ၌ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် DOTS နည်းဗျူဟာကို နောက်ဆုံး တိုးချဲ့အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ခဲ့ပါသည်။
- (၂၄) ၂၀၀၃ ခုနှစ်၊ နို၀င်ဘာလတွင် TB Diagnostic and Treatment Center ကို လသာ မြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့၀င်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
- (၂၅) ၂၀၀၄ ခုနှစ်မှစ၍ စလယ်ဆုံး တစ်ပတ် (၃)ရက် ကုထုံးမှ နေ့စဥ်ဆေးတိုက်ကျွေးသည့် ကုထုံးဖြင့် ပြောင်းလဲကုသပေးပြီး (4 Fixed Dose Combination 4-FDC) ဆေးကို စတင်အသုံးပြုခဲ့ပါသည်။
- (၂၆) ၂၀၀၅ ခုနှစ်တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ 5-Year National Strategic Plan (2006-2010) ကို ရေးဆွဲခဲ့ပါသည်။
- (၂၇) ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလ မှ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လအထိ ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့(GFATM) Round 2 ဖြင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ခဲ့သော်လည်း အထောက်အပံ့ကို GF ဘက်က တဖက်သတ်ရပ်ဆိုင်းခဲ့သည်။
- (၂၈) ၂၀၀၅ ခုနှစ်တွင် မန္တလေးခရိုင် (၅) မြို့နယ်မှ TB-HIV လူနာများအား TB-HIV ပူးပေါင်း ဆောင်ရွက်မှုအစီအစဥ် အရ IUATLD နှင့် ပူးပေါင်း၍ Intergrated HIV Care For TB Patients (IHC) စီမံချက်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
- (၂၉) ၂၀၀၆ ခုနှစ်တွင် တီဘီရောဂါစစ်တမ်းကောက်ယူခြင်းလုပ်ငန်း (TB Prevalence Survey) ကို ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပါ သည်။
- (၃၀) ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ် မြန်မာတစ်နိုင်ငံလုံး တီဘီဆေးယဥ်ပါးမှု စစ်တမ်းကောက်ယူခြင်း (TB Drug Resistance Survey) ကို ဒုတိယအကြိမ်ဆောင်ရွက်ခဲ့ပါသည်။
- (၃၁) ဥရောပ (၆) နိုင်ငံမှ Bridge Fund, Three Diesases Fund (3DF) အထောက်အပံ့ဖြင့် (၂၀၀၇) ခုနှစ်မှ (၂၀၁၂) အထိ တီဘီတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
- (၃၂) ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှစ၍ ဆေးယဥ်ပါးသောတီဘီရောဂါကို ရန်ကုန် (၅)မြို့နယ်နှင့် မန္တလေးခရိုင် (၅) မြို့နယ်တို့တွင် ကုသနိုင်ခဲ့ပြီး နှစ်စဥ်တိုးချဲ့ ကုသပေးလျက် ရှိသည်။
- (၃၃) ၂၀၀၉-၂၀၁၀ ခုနှစ်တွင် 3rd National TB Prevalence Survey တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း ကောက်ယူနိုင်ခဲ့သည်။
- (၃၄) ၂၀၀၉-၂၀၁၀ ခုနှစ်တွင် 5-Year National Strategic Plan-TB (၂၀၁၁-၂၀၁၅) ရေးဆွဲခဲ့ သည်။
- (၃၅) ၂၀၁၀ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် Foundation for Innovative New Diagnostics (FIND) အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်ရှိ အမျိုးသားမှီငြမ်းပြု တီဘီဓါတ်ခွဲ ဌာနနှင့် မန္တလေးတိုင်းဒေသကြီးတီဘီဓါတ်ခွဲဌာန (၂) ခုကို Biosafety Level-3 (BSL-3) အဆင့်တိုးမြှင့် ဆောင်ရွက်ခဲ့သည်။
- (၃၆) ၂၀၁၁ ခုနှစ်မှစ၍ GFATM Round-9 ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး GFATM New Funding Model ဖြင့် (၂၀၁၃) မှ (၂၀၁၆) ခုနှစ်အထိ ဆက်လက်ဆောင်ရွက်ပါသည်။
- (၃၇) 3MDG Fund, UNITAID တို့နှင့် ပူးပေါင်း၍လည်း ၂၀၁၃ ခုနှစ်မှစ၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပါသည်။
- (၃၈) ၂၀၁၂-၂၀၁၃ ခုနှစ်တွင် 3rd National TB Drug Resistance Survey ကို ဆောင်ရွက်ခဲ့ပါသည်။
- (၃၉) ၂၈-၃-၁၄ တွင် NTP ၏ ဝန်ထမ်းဖွဲ့စည်းပုံ ဗဟို(နေပြည်တော်)၊ (မန္တလေး)၊(ရန်ကုန်)ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- (၄၀) ၇-၃-၁၆ တွင် NTP၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ ဖွဲ့စည်းပုံကို တီဘီခွင့်ပြုအင်အားဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့သည်။
- (၄၁) ၂၀၁၆ခုနှစ်တွင် NTP၏ 5Yrs Strategic Plan (2016-2020) ရေးဆွဲခဲ့သည်။
- (၄၂) ၈-၂-၁၇ တွင် တောင်ကြီးတီဘီ BSL-3 ဓါတ်ခွဲဌာနဖွင့်လှစ်ခဲ့ပါသည်။
- (၄၃) ၂၀၁၇-၂၀၁၈ 4th National TB Prevalence Survey ဆောင်ရွက်သည်။
- (၄၄) ၂၄-၃-၁၈ တွင် ရန်ကုန်တိုင်းဒေသကြီးတီဘီ ၄ထပ်ဆောင်နှင့် BSL-3 အဆောက်အဦး အသစ် ကို 3MDG Fund ဖြင့် ဖွင့်လှစ်ခဲ့သည်။
- (၄၅) ၂၀၁၈ခုနှစ် ဇန်န၀ါရီလတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၀န်းအတွင်းရှိ တီဘီဌာန OPD အား 3MDG Fund အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့သော ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းတီဘီဌာန အဆောက်အဦအသစ် သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။
- (၄၆) ၂၄-၉-၂၀၁၈ ရက်စွဲဖြင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာမှ Mandatory TB Case Notification “တီဘီရောဂါရှာဖွေကုသမှုနှင့်ပတ်သက်၍ မဖြစ်မနေ သတင်းပို့ရန်” အမိန့် ထုတ်ပြန်ကြေငြာခဲ့ပါသည်။