၁။ ရင်ခေါင်းလက္ခဏာများ (Pulmonary Signs & Symptoms)
(က) ချောင်းဆိုးခြင်း
(ခ) သလိပ်ထွက်ခြင်း (expectoration)
(ဂ) သလိပ်တွင်သွေးပါခြင်း၊ ချောင်းဆိုးသွေးပါခြင်း (hemoptysis)
(ဃ) ကျောရင်အောင့်ခြင်း (chest pain)
(င) အသက်ရှူမ၀ခြင်း (breathlessness)
၂။ ယေဘူယျ လက္ခဏာများ (General Signs and Symptoms)
(က) အစားအသောက်ပျက်ခြင်း (loss of appetite)
(ခ) တဖြည်းဖြည်းပိန်ချုံးလာခြင်း (weight loss)
(ဂ) မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း (fatigue) အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း (tiredness)
(ဃ) ကိုယ်အပူချိန်တငွေ့ငွေ့တက်ခြင်း (low grade fever)
(င) ညဘက်ချွေးထွက်ခြင်း (night sweating) တို့ ဖြစ်ပါသည်။
၃။ အဆုတ် ပြင်ပတီဘီရောဂါ လူနာများ အတွက်မူ ဖြစ်ပွားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် မူတည်၍ ရောဂါလက္ခဏာများကို ခံစားရပေမည်။