တီဘီရောဂါအကြောင်း / တီဘီရောဂါကူးစက်နိုင်စွမ်းအား

တီဘီရောဂါ ကူးစက်နိုင်စွမ်းအား (Communicability of TB)

          သလိပ်ပိုးတွေ့တီဘီလူနာတစ်ယောက်သည် ဆေး၀ါးကုသမှုမခံယူခဲ့ပါက ၎င်းမှတဆင့် အခြားသူ (၁၀)ဦး မှ (၁၅)ဦးသို့ တစ်နှစ်အတွင်း ကူးစက်နိုင်စွမ်းရှိသည်။
          တီဘီရောဂါသည်များ၏ (၅၀%)ခန့်မှာ ကူးစက်မှုကိုပေးနိုင်သော သလိပ်ပိုးတွေ့ အဆုတ် တီဘီလူနာများ ဖြစ်ကြသည်။ ဤနည်းဖြင့် တီဘီရောဂါသည် ဆက်လက်ကူးစက်ပျံ့ပွားလျက်ရှိသည်။ သလိပ်ပိုးတွေ့တီဘီလူနာများသည် တိုက်ရိုက်ကြည့်ရှုအချိန်တိုကုထုံးဖြင့် စနစ်တကျ ကုသမှုခံယူပါက (၂)ပတ် မှ (၄)ပတ်အတွင်း အခြားသူများသို့ ကူးစက်နိုင်စွမ်းအား များစွာလျော့နည်းသွားမည် ဖြစ်ပါသည်။